အင်တာမိုင်ယာမီအသင်းဟာ ကွင်းသစ် Nu Stadium ဖွင့်ပွဲမှာ အော်စတင်FC အသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။အင်တာမိုင်ယာမီအနေနဲ့ နှစ်ကြိမ်တိုင် နောက်ကလိုက်ကစားပြီး ချေပဂိုးတွေ သွင်းခဲ့ရတာပါ။အင်တာမိုင်ယာမီရဲ့ ချေပဂိုးတွေကို မက်ဆီ၊ ဆွာရက်ဇ်တို့က သွင်းယူခဲ့ပါတယ်။မက်ဆီဟာ အင်တာမိုင်ယာမီကွင်းသစ် Nu Stadium မှာ အသင်းအတွက် ပထမဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။Nu Stadium ဟာ ပရိသတ် ၂၆,၇၀၀ ဦးသာဝင်ဆံ့တဲ့ ကွင်းတစ်ကွင်းလည်းဖြစ်တယ်။အင်တာမိုင်ယာမီအသင်းက အခုပွဲ အနိုင်မရခဲ့ပေမဲ့ မေဂျာလိဂ် ငါးပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။အော်စတင်FCကတော့ မေဂျာလိဂ် လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။
| 14 | 0 | 0 | 0 |


