back

ရှမ်းပြည်နယ်၊မိုင်းဖြတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားမလောက်ငှတာကြောင့် အချိန်ခွဲပြီး လျှပ်စစ်မီးပေးမည်

Apr 06 • 2:53 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊မိုင်းဖြတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားမလောက်ငှတာကြောင့် အချိန်ခွဲပြီး လျှပ်စစ်မီးပေးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ ကန်လုံ နမ့်လုံချောင်း ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းမှ လက်ရှိ နမ့်လုံချောင်းတွင် ရေအရင်းအမြစ် လျော့နည်...

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ ကန်လုံ နမ့်လုံချောင်း ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းမှ လက်ရှိ နမ့်လုံချောင်းတွင် ရေအရင်းအမြစ် လျော့နည်းလာမှုကြောင့် လျှပ်စစ်ဓာတ်အားပေးချိန်ကို ကန့်သတ်ပြောင်းလဲမည်ဖြစ်ကြောင်း အသိပေးထားသည်။ထိုသို့ ရေနည်းပါးလာခြင်းကြောင့် လျှပ်စစ်ဖြန့်ဖြူးမှုကို ညနေ (၆) နာရီမှ ည (၈:၃၀) နာရီအတွင်းသာ ပေးသွားမည်ဖြစ်ပြီး ထရန်စဖော်မာ (၃) လုံးအား အလှည့်ကျ ခွာတင်စနစ်ဖြင့် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။ဒေသခံများအနေဖြင့် လျှပ်စစ်အသုံးပြုမှုများကို အချိန်နှင့်အညီ စီမံခန့်ခွဲအသုံးပြုရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။

news-view-count-icon

23