နယူးကာဆယ်ဝါရင့်နောက်ခံလူ ထရစ်ပီယာ(၃၅ နှစ်)ဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အခုရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ညာနောက်ခံလူ ထရစ်ပီယာအနေနဲ့ ၂၀၂၂ ဇန်နဝါရီလမှာ အက်သလက်တီကိုအသင်းကနေ နယူးကာဆယ်ထံ ပြောင်းရွှေ့လာပြီးဆော်ဒီဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုအောက်မှာ ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်ခဲ့တယ်။ထရစ်ပီယာ အသင်းကို စရောက်လာချိန်မှာ တန်းဆင်းဇုန်အန္တရာယ် ရှိနေပြီး နည်းပြ အက်ဒီဟောင်းရဲ့ ပြန်လည်တည်ဆောက်မှုမှာ
အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။နယူးကာဆယ်အသင်း နှစ်ပေါင်း ၇၀ ကြာ စောင့်ခဲ့ရတဲ့ မေဂျာဖလားနဲ့ ဝေးကွာမှုကို ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားနဲ့ အဆုံးသတ်ခဲ့ရာမှာလည်းကူညီပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ၂၀၂၃၊ ၂၀၂၅ ခုနှစ်တွေမှာ အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရာမှာလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ထရစ်ပီယာအသင်းက နည်းပြ အက်ဒီဟောင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။


