အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကုန်ဈေးနှုန်းကြီးလာတာကို အခွင့်ကောင်းယူပြီး လုပ်ငန်းတွေ ဈေးတင်ရောင်းတာကို တားဆီးဖို့ ထိုင်းအစိုးရက ရေသန့်ဘူးတွေကို ဈေးမတက်ရ (ထိန်းချုပ်ထုတ်ကုန်) အဖြစ်သတ်မှတ်လိုက်ပါတယ်။ အသစ်သတ်မှတ်တဲ့ စာရင်းမှာ ဟင်းခတ်အမွှေအကြိုင်၊ ပလတ်စတစ်စေ့လည်းပါဝင်ပါတယ်။ ဒီထိန်းချုပ်မှုက တစ်နှစ်ကြာ အာဏာတည်မှာဖြစ်ပြီး ဈေးတက်မယ်ဆို အစိုးရထံ တင်ပြပြီးမှ လုပ်ဆောင်ရမှာဖြစ်ပါတယ်။လက်ရှိမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဈေးနှုန်းထိန်းချုပ်ကုန်စည်စာရင်းကို ၅၉ မျိုးမှ ၇၁ မျိုးအထိ တိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။ စာရင်းမှာ အခြေခံစားသောက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အိမ်သုံးပစ္စည်းများ အဓိကပါဝင်ပြီး ပြည်သူများရဲ့ လူနေမှုစရိတ်နှင့် ငွေဖောင်းပွမှုကို ထိန်းညှိနိုင်ဖို့ အနီးကပ်စောင့်ကြည့်လျက်ရှိတယ်လို့ဆိုပါတယ်။



