ထိုင်းနိုင်ငံတောင်ပိုင်းမှာ အပြင်းအထန် မိုးခေါင်ရေရှားဖြစ်နေတာကြောင့် တောတောင်ထဲမှာ အစာနဲ့ရေ ရှာမရတော့တဲ့ အမြီးရှည်မျောက်အုပ်ကြီး ၃၀၀ ကျော်ဟာ အစာရှာဖွေဖို့အတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းဆီ ဆင်းလာခဲ့ကြပါတယ်။Wat Khao Pina ဘုန်းကြီးကျောင်းမှာတော့ ကျောင်းထိုင်ဆရာတော်က မျောက်တွေကို ငှက်ပျောသီးတွေ ကျွေးမွေးစောင့်ရှောက်နေရပါတယ်။ ဒီမျောက်တွေဟာ အုပ်စုလိုက် (တစ်စုကို ၄၀ ကနေ ၁၂၀ ကြား) ခွဲပြီး ဘေးနားက တောင်ကုန်းတွေပေါ်ကနေ ကျောင်းထဲကို တစ်သုတ်ပြီးတစ်သုတ် ဆင်းလာတတ်ကြတာပါ။မျောက်အုပ်ကြီး ၄ အုပ်ဟာ ခေါင်ပီနာတောင်ပေါ်ကနေ ကျောင်းဝင်းထဲကို အလှည့်ကျဆင်းလာပြီး ဆရာတော်ရဲ့ ကျောင်းဆောင်ရှေ့နဲ့ ဝရန်တာတွေမှာ အစာစောင့်ရင်း ထိုင်နေတတ်ကြပါတယ်။ ဒီနှစ်မှာတော့ မိုးခေါင်တာက ပိုဆိုးတာကြောင့် သစ်ပင်တွေလည်း ခြောက်သွေ့ကုန်သလို ရေတွင်းရေကန်တွေလည်း ခန်းခြောက်ကုန်လို့ပါ။မျောက်တွေက အရေအတွက်များပေမဲ့ ရန်လိုတဲ့အမူအရာတော့ မရှိကြပါဘူး။ ကျောင်းက ဘုန်းကြီးတွေရဲ့ ပြောပြချက်အရ မျောက်တွေဟာ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ လူကိုတိုက်ခိုက်တာမျိုးမလုပ်ဘဲ အစာရဖို့အတွက် အေးအေးဆေးဆေး စောင့်နေတတ်ကြတယ်လို့ သိရပါတယ်။ အစာစားပြီးရင်တော့ တောင်ပေါ် ပြန်တက်သွားလေ့ရှိပေမဲ့ အစာနဲ့ရေ အရမ်းရှားတဲ့နေ့မျိုးမှာတော့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျောင်းထဲမှာပဲ တစ်နေကုန် ခိုကပ်နေတတ်ကြပါတယ်။ဆရာတော်က မျောက်လေးတွေကို ကူညီနိုင်ဖို့အတွက် ငှက်ပျောသီး၊ ကြံနဲ့ တခြားအစာတွေကို လာရောက်လှူဒါန်းကြဖို့ ကျောင်းရဲ့ Facebook စာမျက်နှာကနေ အလှူခံထားပါတယ်။ ဒေသခံတချို့ လာလှူကြတာရှိပေမဲ့ မျောက်တွေရဲ့ လိုအပ်ချက်ကိုတော့ မဖြည့်ဆည်းပေးနိုင်သေးပါဘူး။
Apr 06 • 2:49 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


