back

ယခုလ ဧပြီ(၆)ရက်ကျော်ပါက အပူချိန်များ ပြန်လျော့ကျမည်

Apr 05 • 3:29 AM

breaking-news

Myanmar

Local

breaking-news
cover

ယခုလ ဧပြီ(၆)ရက်ကျော်ပါက အပူချိန်များ ပြန်လျော့ကျမည်

ယခုလ ဧပြီ(၆)ရက်ကျော်ပါက အပူချိန်များ ပြန်လျော့ကျသွားမည်ဟု မိုးလေဝသပညာရှင်  ဒေါက်တာ စိုင်းခွန်အာကာ က ဆိုသည်။၎င်း၏အဆိုအရ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ...

ယခုလ ဧပြီ(၆)ရက်ကျော်ပါက အပူချိန်များ ပြန်လျော့ကျသွားမည်ဟု မိုးလေဝသပညာရှင်  ဒေါက်တာ စိုင်းခွန်အာကာ က ဆိုသည်။၎င်း၏အဆိုအရ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကု န်တိုင်း၊ ရှမ်းပြည်၊ ကချင်ပြည်၊ ရခိုင်ပြည်၊ ကယားပြည်၊ မွန်ပြည်နှင့် ကရင်ပြည်တို့တွင် ဧပြီလ (၆) ရက်အထိ ဆက်ပူနေမည်ဖြစ်ကာ ဧပြီလ (၆)ရက်ကျော်ပါက ပုံမှန်အပူချိန်သို့ ပြန်လည်လျော့ပါး သက်သာသွားမည်ဟု ဆိုထားသည်။အပူမကြိုက်တဲ့သူတွေအတွက် ဝမ်းသာစရာသတင်းကောင်းပေါ့ဗျာ။" ဟု ၎င်းကဆိုသည်။တနင်္သာရီတိုင်းအတွင်း ဧပြီလ (၁၀)ရက်အထိဆက်၍ ပိုပူနေဦးမည်ဖြစ်ကြောင်း အသိပေးထားသည်။လက်ရှိ ရန်ကုန်မြို့နှင့် နေပြည်တော်တွင် အမြင့်ဆုံးအပူချိန်အဖြစ် (၃၈) ဒီဂရီဆဲလ်စီးယပ်အထိမြင့်တက်နေသလိုမန္တလေးတွင် (၄၂)ဒီဂရီ ဆဲလ်စီးယပ်၊ ပဲခူးတိုင်းတွင် (၃၉)ဒီဂရီဆဲလ်စီးယပ်၊ မကွေးတိုင်းတွင်(၄၂)ဒီဂရီ ဆဲလ်စီးယပ်ဖြင့် အမြင့်ဆုံး အပူချိန်သို့ မြင့်တက်နေကြောင်း မိုး/ဇလကလည်း အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

33