ထိုင်းနိုင်ငံရဲ့ The People’s Party (PP) က ထိုင်းမှာ ကျင့်သုံးနေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ဖျက်သိမ်းပြီး စေတနာရှိသူသာ ဝင်ပါတဲ့ စနစ်နဲ့ အစားထိုးဖို့ ဥပဒေပြင်ဆင်ချက်တွေကို အဆိုပြုနေပါပြီ။ ဘန်ကောက် အမှတ် (၁၀) မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် Ekkarach Udomumnuay ရဲ့ ပြောကြားချက်အရ အရင်ကလည်း လွှတ်တော်မှာ တင်သွင်းခဲ့ဖူးပြီဂ အငြင်းခံရခဲ့ကြောင်း၊ ဒါကြောင့် ထပ်မံ တင်သွင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။စစ်မှု မထမ်းမနေရ စနစ်ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် နိုင်ငံတော်လုံခြုံရေးကို ပိုမိုကောင်းမွန်စေရုံသာမက စစ်သည်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ "လုံခြုံရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ပိုမိုအားကောင်းစေဖို့နဲ့ ဘဝအရည်အသွေးကို မြှင့်တင်ဖို့အတွက်ဆိုရင် စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းပြီး စေတနာ့ဝန်ထမ်းစနစ်နဲ့ အစားထိုးရပါမယ်" လို့ အမတ် က ပြောပါတယ်။
| 8 | 0 | 0 | 0 |


