back

၄၈ နာရီအတွင်း ဟောမုဇ်ရေလက်ကြား မဖွင့်လျှင် အီရန်ပေါ် ငရဲမိုးရွာချမည်ဟု ဒေါ်နယ်ထရမ့် နောက်ဆုံး သတိပေး

Apr 05 • 2:33 AM

breaking-news

Myanmar

International

cover

၄၈ နာရီအတွင်း ဟောမုဇ်ရေလက်ကြား မဖွင့်လျှင် အီရန်ပေါ် ငရဲမိုးရွာချမည်ဟု ဒေါ်နယ်ထရမ့် နောက်ဆုံး သတိပေး

ဟောမုဇ်ရေလက်ကြားအား ၄၈ နာရီအတွင်း အီရန်အနေဖြင့် ပြန်မဖွင့်လျှင် အီရန်ပေါ် ရှိသမျှ ငရဲမိုးအကုန် ရွာသွန်းစေမည်ဟု နောက်ဆုံး သတိပေးချက်အား ဧပြီ ၄ ရက် အစောပိုင်းတွင်...

ဟောမုဇ်ရေလက်ကြားအား ၄၈ နာရီအတွင်း အီရန်အနေဖြင့် ပြန်မဖွင့်လျှင် အီရန်ပေါ် ရှိသမျှ ငရဲမိုးအကုန် ရွာသွန်းစေမည်ဟု နောက်ဆုံး သတိပေးချက်အား ဧပြီ ၄ ရက် အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြား ပြန်မဖွင့်ပါက အီရန်ပေါ် ငရဲမိုးအားလုံး ရွာချမည်ဟု ထရမ့်က Truth Social လူမှုကွန်ရက်အကောင့်တွင် ပို့စ်တင်၍ ရာဇသံထပ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အီရန်နှင့် ဆွေးနွေးမှု အခြေအနေသည် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရနိုင်သေးသော်လည်း ထပ်ပေးရမည့် အချိန်မကျန်တော့ဟု ၎င်းက သတိပေးခဲ့ခြင်း ဖြစ်သည်။ဧပြီ ၃ ရက်က အမေရိကန် ဖိုက်တာဂျက်လေယာဉ်တစ်စင်းကို အီရန်ဘက်က ပစ်ချခဲ့ကာ နောက်ထပ် တစ်စင်းလည်း ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုသတင်းကို ဒေါ်နယ်ထရမ့်ဘက်က မည်သည့် အတည်ပြုစကားမှ မထုတ်ပြန်ဘဲ ပစ်ချခံရသည့် တိုက်လေယာဥ်တစ်စင်းမှ အသက်ကယ်လေထီးဖြင့် လွတ်မြောက်သွားသော ပိုင်းလော့တစ်ယောက်ကို ကယ်တင်နိုင်ကာ နောက်တစ်ယောက်ကို ထပ်မံ ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးမစ်ရှင် လုပ်ဆောင်နေကြောင်း သတင်းများက အခိုင်အမာ ဖော်ပြနေသည်။ထိုရှာဖွေဆဲ အမေရိကန်ပိုင်းလော့ကို ဖမ်းမိလျှင် ဒေါ်လာ ၆ သောင်းပေးမည်ဟု အီရန်ဘက်က ဆုကြေး ထုတ်ပြန်ခဲ့ပြီးနောက် လာကယ်သည့် Black Hawk ရဟတ်ယာဉ်နှစ်စင်း အနိမ့်ပျံသန်းစဉ် လက်နက်ကိုင် အီရန်အရပ်ဝတ်တချို့က သေနတ်များဖြင့် လိုက်ပစ်နေသလို အမေရိကန်ပိုင်းလော့ကို မကြာမီ ဖမ်းပေးမည်ဟု ဟစ်ကြွေးကာ အလံထောင်ပြီး လိုက်ရှာနေသည့် အီရန်နိုင်ငံသားတချို့ ဗီဒီယိုလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည်။

news-view-count-icon

12