back

ဂျပန်အထက်လွှတ်တော်မှာ ဘတ်ဂျက်ဥပဒေကြမ်း အတည်ပြုဖို့ အာဏာရပါတီ အများစုထောက်ခံမှု ရရှိ

Apr 04 • 4:24 PM

breaking-news

Japan

Local News

cover

ဂျပန်အထက်လွှတ်တော်မှာ ဘတ်ဂျက်ဥပဒေကြမ်း အတည်ပြုဖို့ အာဏာရပါတီ အများစုထောက်ခံမှု ရရှိ

ဂျပန်နိုင်ငံရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းဟာ အထက်လွှတ်တော်မှာ အတည်ဖြစ်ဖို့ နီးစပ်လာပါပြီ။ အာဏာရပါတီတွေက အထက်လွှတ်တော်မှာ အများစုအမတ်နေရာ မရရှိသေးတာ...

ဂျပန်နိုင်ငံရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းဟာ အထက်လွှတ်တော်မှာ အတည်ဖြစ်ဖို့ နီးစပ်လာပါပြီ။ အာဏာရပါတီတွေက အထက်လွှတ်တော်မှာ အများစုအမတ်နေရာ မရရှိသေးတာကြောင့် အတည်ပြုဖို့ အခက်တွေ့ခဲ့တာပါ။ အခုတော့ ဂျပန် ကွန်ဆာဗေးတစ်ပါတီ (Japan Conservative Party) အပြင် ပါတီမဲ့အမတ်တချို့ရဲ့ ထောက်ခံမှုကိုပါ ရရှိခဲ့ပြီလို့ သိရပါတယ်။ အထက်လွှတ်တော်မှာ အများစုဖြစ်ဖို့ အမတ်နေရာ ၁၂၄ နေရာ လိုအပ်တာမို့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နဲ့ ဂျပန် တီထွင်ဆန်းသစ်ရေးပါတီ (Japan Innovation Party) တို့ ပေါင်းရင် အမတ်နေရာ ၁၂၀ သာ ရှိပါတယ်။ ဂျပန် ကွန်ဆာဗေးတစ်ပါတီက အမတ် ၂ ယောက်က နိုင်ငံခြားသား မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေ စတင်ဖို့ဆိုတဲ့ အခြေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပါတယ်။



news-view-count-icon

2