ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာရှိ စိုက်ပျိုးတောင်သူများသည် စိုက်ခင်းများအတွက် လိုအပ်သော စက်သုံးဆီရရှိရန် ၎င်းတို့အမှန်တကယ် စိုက်ပျိုးရေးလုပ်ကိုင်နေသူများဖြစ်ကြောင်း သက်သေပြသည့်အနေဖြင့် ရေစုပ်စက်နှင့် မီးစက်များကိုပါ ဆီဆိုင်သို့ သယ်ဆောင်လာကာ တန်းစီထုတ်ယူနေရကြောင်း သိရသည်။ ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် ထုတ်ပေးခဲ့သော်လည်း တောင်သူမဟုတ်သူများက အလွဲသုံးစားပြုလုပ်မှုများရှိလာသဖြင့် ယခုကဲ့သို့ စက်ပစ္စည်းများဖြင့် လူကိုယ်တိုင်လာရောက်ထုတ်ယူရခြင်းဖြစ်သည်။ လက်ရှိတွင် ဓာတ်ဆီတစ်လီတာလျှင် ၄,၇၂၅ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပြီး၊ ပလီလင်းရွာ၌သာ ယခုကဲ့သို့ စက်ပစ္စည်းများဖြင့် ထုတ်ယူခွင့်ရရှိကာ အခြားကျေးရွာများတွင်မူ လိုင်စင်မဲ့ယာဉ်များနှင့် စိုက်ပျိုးရေးသုံးစက်ကိရိယာများအတွက် မှောင်ခိုဈေးကွက်မှသာ အဆမတန်ပေး၍ ဝယ်ယူနေရသဖြင့် တောင်သူများ အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာရှိ စိုက်ပျိုးတောင်သူများ စက်သုံးဆီရရှိရန် ရေစုပ်စက်နှင့် မီးစက်များပါ သယ်ဆောင်၍ တန်းစီနေရ
Apr 04 • 9:13 AM
Myanmar
Shan
Share
| 18 | 0 | 0 | 0 |


