back

၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲကျင်းပရာ နောသန်ဘူရီမြို့သို့ ထွက်ခွာမည်

Apr 04 • 9:12 AM

breaking-news

Myanmar

International

cover

၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲကျင်းပရာ နောသန်ဘူရီမြို့သို့ ထွက်ခွာမည်

၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်...

၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် မနက်ဖြန် ဧပြီလ ၅ ရက်တွင် ပြိုင်ပွဲကျင်းပရာ နောသန်ဘူရီမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နည်းပြချုပ် ပတ္တရားပီယာကမ် ဦးဆောင်သော မြန်မာအသင်းတွင် ကစားသမား ၁၇ ဦး ပါဝင်ပြီး အုပ်စု (A) တွင် အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ တီမောအသင်းတို့နှင့်အတူ ဧပြီလ ၆ ရက်မှ ၁၂ ရက်အထိ အကြိတ်အနယ် ယှဉ်ပြိုင်သွားရမည်ဖြစ်ကာ၊ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း  သိရှိရပါသည်။

news-view-count-icon

16