back

ပြည်ပသို့ လေကြောင်းခရီးဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ပါ စစ်ဆေးခံရမည်

Apr 04 • 8:45 AM

breaking-news

Myanmar

Local

cover

ပြည်ပသို့ လေကြောင်းခရီးဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ပါ စစ်ဆေးခံရမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်ပသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသား ခရီးသည်များအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) အပြင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်ပသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသား ခရီးသည်များအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) အပြင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုပါ မဖြစ်မနေ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ သိရှိရသည်။ လေကြောင်းလိုင်းများအနေဖြင့် လက်မှတ်ရောင်းချချိန်နှင့် Check-in ဝင်ချိန်များတွင် ခရီးသည်များ၏ မှတ်ပုံတင်အမှတ်များကို ပြည့်စုံစွာ ထည့်သွင်းစစ်ဆေးရန် ညွှန်ကြားထားပြီး၊ လေဆိပ်ရှိ လေကြောင်းရဲတပ်ဖွဲ့ကောင်တာများတွင်လည်း မှတ်ပုံတင်ပါ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးမှုများ မကြာမီ ပြုလုပ်တော့မည်ဖြစ်သည်။ ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းမှာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအရ စိစစ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း၊ တစ်ဖက်တွင်လည်း ပြည်ပထွက်ခွာမည့် လူငယ်များနှင့် ခရီးသည်များအပေါ် ငွေညှစ်မှုများရှိနေပြီး ချောမွေ့စွာ ထွက်ခွာနိုင်ရန် VIP လိုင်းများအတွက် ငွေကျပ် သိန်း ၆၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

42