မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ စက်သုံးဆီဈေးနှုန်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ တိုင်းထွာချက်များအရ တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးသို့ ရောက်ရှိလာပြီး 95 ဓာတ်ဆီတစ်လီတာလျှင် ၅,၃၃၅ ကျပ်၊ 92 ဓာတ်ဆီ ၅,၀၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၇,၁၇၅ ကျပ်အထိ မြင့်တက်ကာ ကျန်တိုင်းနှင့်ပြည်နယ်များထက် တစ်လီတာလျှင် ကျပ် ၅၀၀ ခန့် ပိုမိုကြီးမြင့်နေကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းသူများအား ဗဟိုဘဏ်မှ ဒေါ်လာရောင်းချပေးမှုမရှိခြင်း၊ ကိုယ်ပိုင်ပို့ကုန်ရငွေဖြင့်သာ ဝယ်ယူနေရခြင်းနှင့် အီရန်စစ်ပွဲအခြေအနေကြောင့် ဆီခွဲတမ်းများ လျှော့ချခံရခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်ပြီး၊ မတ်လဆန်းမှစတင်ကာ အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိခြင်းနှင့် အချိန်ကြာမြင့်စွာ တန်းစီရခြင်းတို့ကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုကြီးမားလျက်ရှိကြောင်း သိရှိရပါသည်။
Apr 04 • 8:44 AM
Myanmar
Mon
Share
| 14 | 0 | 0 | 0 |


