မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ အလယ်ပိုင်းရပ်ကွက်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ အပူဒဏ်မှ နားခိုနိုင်ရန်အတွက် မြို့နယ်အပူရှောင်စခန်း ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။ အဆိုပါစခန်းတွင် လာရောက်နားခိုသူများအတွက် နေရာထိုင်ခင်း၊ ပန်ကာ၊ သောက်ရေသန့်နှင့် ဓာတ်ဆားထုတ်များ စီစဉ်ပေးထားသည့်အပြင်၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယာယီဆေးပေးခန်းနှင့် လူနာတင်ယာဉ်တစ်စီးကိုပါ အသင့်ပြင်ဆင်ထားရှိသည်။ ယင်းအပူရှောင်စခန်းကို ဧပြီလ ၃ ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာရှင်များပူးပေါင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
Apr 04 • 7:57 AM
Myanmar
Magway
Share
| 14 | 0 | 0 | 0 |


