အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့ကိုကာကွယ်ရေးဝန်ကြီး ဟက်ဆက်က တာဝန်မှအနားပေးလိုက်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်များကဧပြီ ၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့အနေဖြင့် အမေရိကန်ကြည်းတပ်၏၄၁ ဦးမြောက် စစ်ဦးစီးချုပ်အဖြစ်မှ အငြိမ်းစားယူမည်ဖြစ်ကြောင်းပင်တဂွန်စစ်ဌာနချုပ်ကလည်း သတင်းထုတ်ပြန်အတည်ပြုထားသည်။သတင်းအရင်းအမြစ်များ၏ အဆိုအရ ကာကွယ်ရေးဝန်ကြီးဟက်ဆက်သည် အခြားထိပ်တန်း ဗိုလ်ချုပ်နှစ်ဦးကိုလည်း ရာထူးမှဖယ်ရှားထားကြောင်း သိရသည်။ကာကွယ်ရေးဝန်ကြီးဟက်ဆက်၏ ကာကွယ်ရေးဝန်ကြီးဌာနပြုပြင်ပြောင်းလဲရေးအစီအစဉ်များအရ ရာထူးမှဖယ်ရှားခံခဲ့ရသောစစ်ဘက်ဆိုင်ရာတာဝန်ရှိသူများထဲတွင် ကြည်းတပ်စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးရန်ဒီဂျော့မှာ ရာထူးအဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သည် အရှေ့အလယ်ပိုင်းဒေသ၌ အီရန်စစ်ပွဲအတွက် အမေရိကန်စစ်အင်အားကိုမြှင့်တင်တည်ဆောက်နေချိန်တွင် ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ရန်ဒီဂျော့ကို တာဝန်မှ အနားပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပွားဆဲ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း အီရန်ကိုစစ်ရေးအရ တိုက်ခိုက်မှုများကို အမေရိကန်လေတပ်နှင့် ရေတပ်တို့ကအဓိကလုပ်ဆောင်နေခြင်းဖြစ်သည်။ အမေရိကန်အစိုးရသည် ကြည်းတပ်၏ လက်ရွေးစင်တပ်မဟာဖြစ်သော အမှတ် ၈၂ လေကြောင်းချီတပ်မှ တပ်ဖွဲ့ဝင်များကိုလည်း အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည်။



