အိန္ဒိယသည် လာမည့်နှစ်အတွင်း အရာရှိ ၃ သန်းကျော် ပါဝင်ကာ ကမ္ဘာ့အကြီးဆုံး သန်းခေါင်စာရင်းကောက်ယူမှုကို ဗုဒ္ဓဟူးနေ့တွင် စတင်ပြုလုပ်မည်ဖြစ်သည်။လူဦးရေ ၁.၄ ဘီလျံခန့် နေထိုင်သည့် တောင်အာရှနိုင်ငံဖြစ်သည့် အိန္ဒိယသည် ၎င်း၏ တိုးပွားလာသော လူဦးရေအတွက် လျှပ်စစ်၊ အစားအစာနှင့် အိမ်ရာများအတွက် ထောက်ပံ့ဖြည့်ဆည်းပေးရာတွင် စိန်ခေါ်မှု အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။အိန္ဒိယ၏ ကြီးမားကျယ်ပြန့်ကာ လူဉီးရေ အလွန့်အလွန်ထူထပ်သော မြို့ကြီးအများအပြားသည် ရေမလုံလောက်မှု၊ လေထုနှင့် ရေထု ညစ်ညမ်းမှု၊ လူနေအိမ်ခြေ ပြည့်ကျပ်နေသော ကျူးကျော်ရပ်ကွက်များနှင့် ထိန်းမနိုင် သိမ်းမရ ရင်ဆိုင်နေရသည်။အိန္ဒိယအစိုးရက ဒေါ်လာ 1.24 ဘီလျံ အကုန်အကျခံ၍ စာရင်းကောက်ရာတွင် ဟိန္ဒူဘာသာဝင်များ၏ လုပ်ငန်းအမျိုးအစားနှင့် လူနေမှုအဆင့်အလိုက် ပိုင်းခြားထားသော ထောင်စုနှစ်ပေါင်း များစွာကြာပြီဖြစ်သည့် နိုင်ငံရေးအရလည်း ထိလွယ်ရှလွယ် ဖြစ်သည့် ဇာတ်အနိမ့် အမြင့်ပြဿနာလည်းပါဝင်မည်ဖြစ် သည်။
Apr 04 • 7:39 AM
Myanmar
International
Share
| 19 | 0 | 0 | 0 |


