back

ရန်ကုန် မြို့နယ် ၈ ခုက နေရာတချို့မှာ သောက်သုံးရေ အခက်အခဲဖြစ်နေ

Apr 04 • 7:37 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန် မြို့နယ် ၈ ခုက နေရာတချို့မှာ သောက်သုံးရေ အခက်အခဲဖြစ်နေ

ရန်ကုန်မြို့မှာ ၄ နာရီလာ ၄ နာရီမီးဖြတ်ပြီး အလှည့်ကျ လျှပ်စစ်မီးပေးနေပေမဲ့ မီးလာရမယ့်အချိန်မှာ မိနစ်ပိုင်းသာလာတာတွေကြောင့် ရေမတင်နိုင်လို့ မြို့နယ် ၈ ခုက ရပ်ကွက...

ရန်ကုန်မြို့မှာ ၄ နာရီလာ ၄ နာရီမီးဖြတ်ပြီး အလှည့်ကျ လျှပ်စစ်မီးပေးနေပေမဲ့ မီးလာရမယ့်အချိန်မှာ မိနစ်ပိုင်းသာလာတာတွေကြောင့် ရေမတင်နိုင်လို့ မြို့နယ် ၈ ခုက ရပ်ကွက်တချို့မှာ သောက်သုံးရေ အခက်အခဲတွေဖြစ်နေတယ်လို့ မြို့ခံတွေနဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။မရမ်းကုန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပုဇွန်တောင်၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း စတဲ့ မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာ သောက်သုံးရေ အခက်အခဲ ရှိနေတာကြောင့် ရေလှူဒါန်းရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။ စက်သုံးဆီ အကျပ်အတည်းကြောင့် ဆီတန်းစီနေရချိန်မှာ ရန်ကုန်မြို့က တချို့မိသားစုဝင်တွေဟာ ရေရဖို့အတွက်ပါ ရုန်းကန်နေကြရပါတယ်။


news-view-count-icon

26