သင်္ကြန်ပိတ်ရက်မတိုင်မှီ စားအုန်းဆီတန်ချိန်(၅) သောင်းရောက်ရှိမည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အသင်းမှ ယနေ့ ဧပြီ ၃ ရက်ကအသိပေးခဲ့ခြင်းဖြစ်သည်။သင်္ကြန်ပိတ်ရက်မတိုင်မှီ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီးသို့ ဆိုက်ကပ်လာမည့် စားသုံးဆီတန်ချိန်(၅)သောင်းကို အချိန်မှီထုတ်ယူနိုင်ရေး၊ လက်ရှိ ဆီသိုလှောင်ကန်များပြည့်နေ၍ နေ့စဉ်ဆီထပ်တိုးထုတ်နိုင်ရန် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကိုစနစ်တကျစီစဉ်ရန် အသင်းဥက္ကဋ္ဌကပြောကြားခဲ့ကြောင်း သိရသည်။ထို့ပြင် ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို မိမိတို့ဒေသအသီးသီးတွင် ပြည်သူများ၏ ဧပြီလစားသုံးဆီလိုအပ်ချက်နှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းဆီများကို တင်ပြထားသည့်စာရင်းများအတိုင်း စနစ်တကျခွဲဝေဖြန့် ဖြူးပေးလျက်ရှိသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
| 23 | 0 | 0 | 0 |


