back

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကျဆင်းလာ

Apr 04 • 7:32 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကျဆင်းလာ

ယခုဧပြီလအတွင်း ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ယနေ့ မနက်ပိုင်း ငွေလဲစျေးကွက်တွင် နိုင်ငံခြားငွေများ၏ လဲလှယ...

ယခုဧပြီလအတွင်း ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ယနေ့ မနက်ပိုင်း ငွေလဲစျေးကွက်တွင် နိုင်ငံခြားငွေများ၏ လဲလှယ်နှုန်းများ ကျဆင်းလာကြောင်း သိရသည်။ အထူးသဖြင့် သြစတြေးလျဒေါ်လာ (AUD) သည် ၁၄ ကျပ်ခန့် ကျဆင်းခဲ့ပြီး စင်ကာပူဒေါ်လာ (S$) မှာလည်း မနက်ပိုင်းတွင် ၂၀ ကျပ်ခန့် အကျဖြင့် စျေးဖွင့်ခဲ့သည်။အလားတူ အမေရိကန်တစ်ဒေါ်လာ ၂၀ ကျပ် ကျဆင်းခဲ့သလို ထိုင်းဘတ် တစ်ဘတ်လျှင် ၀ ဒသမ ၉၁ ကျပ်ကျဆင်းခဲ့သည်။ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာ ၄၄၂၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၃၄၂၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၃၅.၁၄ ကျပ်၊ သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ ၃၀၄၅ ကျပ်ဖြစ်သည်။ပြီးခဲ့သည့်မတ်လတွင် အမေရိကန် တစ်ဒေါ်လာ ၄၅၀၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၃၄၇၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၃၆.၉၉ ကျပ်၊ သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ ၃၀၈၆ ကျပ်ဖြစ်သည်။

news-view-count-icon

23