back

ရုရှား An – 26 စစ်လေယာဉ် ပျက်ကျမှု သေဆုံးသူများတွင် ပူတင်လက်ရုံး လေတပ်ဒုဗိုလ်ချုပ်ကြီး နှင့် စစ်အရာရှိ ၆ ဦး ပါဝင်

Apr 04 • 7:17 AM

breaking-news

Myanmar

International

cover

ရုရှား An – 26 စစ်လေယာဉ် ပျက်ကျမှု သေဆုံးသူများတွင် ပူတင်လက်ရုံး လေတပ်ဒုဗိုလ်ချုပ်ကြီး နှင့် စစ်အရာရှိ ၆ ဦး ပါဝင်

ပြီးခဲ့သည့် ဧပြီ ၁ ရက်က ခရိုင်းမီးယားဒေသရှိ ကျောက်တောင်နံရံနှင့် ဝင်တိုက်ကာ ပျက်ကျခဲ့သော ပေါင် ၃ သန်းတန် ရုရှားစစ်တပ် သယ်ယူပို့ဆောင်ရေးလေယာဉ် An- 26 ပျက်ကျမှုတွ...

ပြီးခဲ့သည့် ဧပြီ ၁ ရက်က ခရိုင်းမီးယားဒေသရှိ ကျောက်တောင်နံရံနှင့် ဝင်တိုက်ကာ ပျက်ကျခဲ့သော ပေါင် ၃ သန်းတန် ရုရှားစစ်တပ် သယ်ယူပို့ဆောင်ရေးလေယာဉ် An- 26 ပျက်ကျမှုတွင် ပူတင်လက်ရုံး လေတပ်ဒုဗိုလ်ချုပ်ကြီး အလက်ဇန္ဒားအော်ထရိုချန်ကို အပါအဝင် စစ်အရာရှိ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။လေယာဉ်ပျက်ကျမှုတွင် အနည်းဆုံး လူ ၂၉ ဦးသေဆုံးခဲ့ကာ အသက် ၆၄ နှစ်ရှိပြီဖြစ်သော ဒုဗိုလ်ချုပ်ကြီး အော်ထရိုချန်ကိုသည် ၂၀၁၄ ခုနှစ်က ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို သိမ်းပိုက်စဉ် လေကြောင်း စစ်ဆင်ရေးများအား အဓိက အမိန့်ပေးခဲ့သူဖြစ်ပြီး ၎င်းသည် ပူတင်၏ လက်ရှိ မြောက်ပိုင်းရေတပ်နှင့် ပေါင်းစပ်ထားသော လေကြောင်းတပ်ဖွဲ့အား ဦးဆောင်နေသူလည်း ဖြစ်ကာ ဆီးရီးယားစစ်ဆင် ရေးတွင်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ယူကရိန်းကျူးကျော်စစ် ကာလအတွင်း အော်ထရိုချန်ကို သေဆုံးမှုမှာ ရုရှား စစ်ဗိုလ်ချုပ် ၁၅ ယောက် မြောက်သေဆုံးခြင်းလည်း ဖြစ်သည်။လေယာဉ်သည် ဆီဗက်စတိုပိုအနီး အရေးပါသော ရုရှား လေတပ် စခန်းအနီး ဘယ်လ်ဘိခ်တောင်ကြားတွင် ကျောက်နံရံကို ဝင်တိုက်ကာ ပျက်ကျခြင်းဖြစ်သော်လည်း ယူကရိန်းသတင်းရင်းမြစ်များက ရုရှားစစ်တပ် အချင်းချင်းမှားပစ်ချမိခြင်း ဖြစ်နိုင်သည်ဟု ထုတ်ပြန်နေ ကြသည်။

ဘယ်လ်ဘိခ် လေတပ်စခန်းသည် ယခင် ယူကရိန်းဒရုန်း တိုက်ခိုက်မှုများ မကြာခဏ ခံရသည့်အတွက် ယခု မှားယွင်းပစ်ချမိခြင်း ဖြစ်နိုင်သည်ဟု ယူကရိန်းဘက်မှ ဆိုသော်လည်း သက်တမ်းမြင့်သောလေယာဉ် ဖြစ်သည့်အတွက် နည်းပညာ ချွတ်ယွင်းချက်ကြောင့်သာ ပျက်ကျခြင်း ဖြစ်နိုင်သည်ဟု ရုရှားစစ်တပ် အရာရှိတချို့က ဘီဘီစီ ရုရှားပိုင်းအစီအစဉ်သို့ ပြောဆိုခဲ့ကြသည်။




news-view-count-icon

24