back

လောင်စာ ပြတ်လပ်မှု ဝယ်ယူစုဆောင်းသူတွေကြောင့် ထိုင်း ဝန်ကြီးချုပ် အပြစ်တင်

Apr 04 • 6:49 AM

breaking-news

Thailand

Local News

cover

လောင်စာ ပြတ်လပ်မှု ဝယ်ယူစုဆောင်းသူတွေကြောင့် ထိုင်း ဝန်ကြီးချုပ် အပြစ်တင်

အလွန်အကျွံ အမြတ်တင် ရောင်းချမှုအတွက် ထိုင်းဝန်ကြီးချုပ် အနုတင်က ဆီကုန်သည်တွေကို အပြစ်တင်ပြီး လောင်စာဆီ ပြတ်လပ်မှုဟာ ဝယ်ယူစုဆောင်းသူတွေနဲ့ ပြည်ပသို့ မှောင်ခို ခိ...

အလွန်အကျွံ အမြတ်တင် ရောင်းချမှုအတွက် ထိုင်းဝန်ကြီးချုပ် အနုတင်က ဆီကုန်သည်တွေကို အပြစ်တင်ပြီး လောင်စာဆီ ပြတ်လပ်မှုဟာ ဝယ်ယူစုဆောင်းသူတွေနဲ့ ပြည်ပသို့ မှောင်ခို ခိုးထုတ်သူတွေကြောင့် ဖြစ်ကြောင်း ဧပြီ ၃ ရက်မှာ အပြစ်တင် ပြောဆိုလိုက်ပါတယ်။လောင်စာတွေ ဝယ်ယူစုဆောင်းထားတာတွေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချဖို့ မှောင်ခို ကူးတဲ့ ဖြစ်ရပ်တွေကို အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိထားတယ်လို့ ဝန်ကြီးချုပ် အနုတင်က ဆိုပါတယ်။အဲဒီ ပြဿနာကြောင့် လောင်စာဈေးနှုန်း ဆက်တိုက် မြင့်တက်လာပြီး အစိုးရအနေနဲ့ ဘတ် ၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ကုန်ကျခဲ့ရတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုလာတာပါ။ကမ္ဘာ့လောင်စာ ပြဿနာအတွင်း မှောင်ခိုကူးမှုနဲ့ ဝယ်ယူစုဆောင်းထားတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတဝှမ်း လောင်စာ ပြတ်လပ်မှု နောက်ကွယ်က အကြောင်းရင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်မှာ သယ်ယူပို့ဆောင်မှု အတွင်း လောင်စာ လီတာ ၅၇ သန်းကျော် ပျောက်ဆုံးသွားခဲ့ကြောင်း၊ အဲဒီဖြစ်ရပ်ကို အထူးစုံစမ်း စစ်ဆေးရေးဌာနက ထိပ်တန်း ဦးစားပေး ကိစ္စအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။အရှေ့အလယ်ပိုင်း စစ်ပွဲ ပြင်းထန်လာချိန် ထိုင်းမှာ လောင်စာဆီ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေပါတယ်။


news-view-count-icon

9