back

အီတလီအသင်းနည်းပြရာထူးအတွက် ထိပ်သီးနည်းပြတချို့ ရေပန်းစားနေ

Apr 04 • 6:48 AM

breaking-news

Myanmar

International

cover

အီတလီအသင်းနည်းပြရာထူးအတွက် ထိပ်သီးနည်းပြတချို့ ရေပန်းစားနေ

အီတလီအသင်းနည်းပြရာထူးက ဂတ်တူဆို နုတ်ထွက်သွားပြီးနောက် နည်းပြသစ်အဖြစ် အီတလီလူမျိုး ထိပ်သီးနည်းပြတချို့ ရေပန်းစားနေပါတယ်။ဒီစာရင်းမှာ အီတလီအသင်းကို ယူရို-၂၀၂၀ ချန်...

အီတလီအသင်းနည်းပြရာထူးက ဂတ်တူဆို နုတ်ထွက်သွားပြီးနောက် နည်းပြသစ်အဖြစ် အီတလီလူမျိုး ထိပ်သီးနည်းပြတချို့ ရေပန်းစားနေပါတယ်။ဒီစာရင်းမှာ အီတလီအသင်းကို ယူရို-၂၀၂၀ ချန်ပီယံဆု ယူပေးခဲ့တဲ့ မန်ချီနီ၊ နည်းပြဟောင်း ကွန်တီအပါအဝင် ဆိမြွန်နီအင်ဇာဂီ၊ အယ်လီဂရီတို့

ပါဝင်နေတာပါ။ ဒီနည်းပြလေးဦးစလုံး လက်ရှိ အသင်းလက်ကိုင် ရှိနေကြတာလည်းဖြစ်တယ်။

မန်ချီနီက ကာတာကလပ် အယ်လ်ဆတ်ဒ်၊ ဆီမြွန်နီအင်ဇာဂီက ဆော်ဒီကလပ် အယ်လ်ဟီလာ၊ ကွန်တီက နာပိုလီ၊ အယ်လီဂရီက အေစီမီလန်နည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်တယ်။အီတလီအသင်းနည်းပြသစ်ကို လာမယ့်ဇွန်လ ၂၂ ရက်မှာကျင်းပမယ့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲ ပြီးမှသာ ခန့်အပ်ဖို့ ရှိနေပါတယ်။ဒါကြောင့် ဇွန်လအတွင်း ကစားရမယ့် ခြေစမ်းပွဲ နှစ်ပွဲကို ယာယီနည်းပြတစ်ဦးဦးသာ ကိုင်တွယ်ဖို့များပါတယ်။


news-view-count-icon

15