အေပရယ်၃ရက်သောကြာနေ့က အမေရိကန် စစ်လေယာဉ် နှစ်စီးကို အီရန်က ပစ်ချခဲ့ပြီး လေယာဉ်မှူး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ တတိယမြောက် လေယာဉ်မှူးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တီဟီရန်အစိုးရက လိုက်လံရှာဖွေလျက်ရှိသည်။ ပထမလေယာဉ်ဖြစ်သော ထိုင်ခုံနှစ်နေရာပါ အမေရိကန် F-15E ဂျက်တိုက်လေယာဉ်မှာ အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရပြီး ယင်း၏ လေယာဉ်အမှုထမ်း နှစ်ဦးအနက် တစ်ဦးကို အမေရိကန် အထူးတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းနှင့် အခြားတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမေရိကန် မီဒီယာများကဖော်ပြသည်။



