back

ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ ၃ မျိုးဖြင့် နှလုံးရုတ်တရက် ဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် နှလုံးခုန်ရပ်တန့်နိုင်ခြေတို့ကို လျှော့ချနိုင်ဟုဆို

Apr 04 • 3:50 AM

breaking-news

Myanmar

Local

breaking-news
cover

ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ ၃ မျိုးဖြင့် နှလုံးရုတ်တရက် ဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် နှလုံးခုန်ရပ်တန့်နိုင်ခြေတို့ကို လျှော့ချနိုင်ဟုဆို

ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ ၃ မျိုးဖြင့် နှလုံးရုတ်တရက် ဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် နှလုံးခုန်ရပ်တန့်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ကြောင်း ဩစတြေးလျ သ...

ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ ၃ မျိုးဖြင့် နှလုံးရုတ်တရက် ဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် နှလုံးခုန်ရပ်တန့်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ကြောင်း ဩစတြေးလျ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ သုတေသနပညာရှင်များဟာ အိပ်စက်ပုံ၊ စားသောက်ပုံနှင့် ကိုယ်ကာယလှုပ်ရှားမှုတို့၏ နှလုံးကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့ကြပြီး လေ့လာချက်မှ ယခုလိုပေါ်ထွက်လာတာလို့လည်း သိရပါတယ်။ပညာရှင်များရဲ့ လေ့လာမှုရလဒ်များအရ ပုံမှန်အိပ်စက်ချိန်ကို ၁၀ မိနစ်မျှ ထပ်တိုးခြင်း၊ လေ့ကျင့်ခန်းပြု လုပ်ချိန်ကို မိနစ်အနည်းငယ် (၅ မိနစ်မှ ၅ မိနစ်ခွဲခန့်) ပိုမိုပြုလုပ်ခြင်း၊ နေ့စဉ်စားသောက်မှုတွင် ဟင်းသီးဟင်းရွက်တစ်မျိုးစီ ထည့်သွင်းစားသောက်ခြင်းဖြင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်တာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ထို့အပြင် အထက်ပါ ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများကို ကျင့်သုံးပါက ၈ နှစ်တာကာလအတွင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်သော်လည်း အထက်ပါ ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ ၃ မျိုးနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေကျဆင်းမှုတို့ကြား မည်သို့မည်ပုံ ဆက်စပ်နေသည်ကို သုတေသနပညာရှင်များက ရှင်းလင်းစွာ မသိရှိသေးကြောင်းလည်း သိရပါတယ်။

news-view-count-icon

30