back

ပထမအကြိမ်တွင် ဖုန်ကန်ရာဇီရေခဲတောင်ကို တက်ရောက်ပြီးမှသာ အခြားရေခဲတောင်များတက်ရောက်ရန် ခရီးသွားများအား ဝန်ဆောင်မှုကုမ္ပဏီများက အကြံပြုထား

Apr 04 • 2:44 AM

breaking-news

Myanmar

Local

breaking-news
cover

ပထမအကြိမ်တွင် ဖုန်ကန်ရာဇီရေခဲတောင်ကို တက်ရောက်ပြီးမှသာ အခြားရေခဲတောင်များတက်ရောက်ရန် ခရီးသွားများအား ဝန်ဆောင်မှုကုမ္ပဏီများက အကြံပြုထား

ပူတာအို ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်ဖြစ်သဖြင့် ရေခဲတောင်တက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများက အတွေ့အကြုံမရှိသေးသည့် ခရီးသွားများအား ဖုန်ကန်ရာဇီ...

ပူတာအို ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်ဖြစ်သဖြင့် ရေခဲတောင်တက် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများက အတွေ့အကြုံမရှိသေးသည့် ခရီးသွားများအား ဖုန်ကန်ရာဇီရေခဲတောင်ကို တက်ရောက်ပြီးမှသာ အခြားရေခဲတောင်များ တက်ရောက်ရန် အကြံပြုပေးနေကြောင်း ရေခဲတောင်တက် ခရီးသွားပို့ဆောင်ရေး ကုမ္ပဏီများမှ သိရပါတယ်။မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုဒေသရှိ ရေခဲတောင်များအနက် ဖုန်ကန်ရာဇီရေခဲတောင်ကို ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက Level-1 ဟုသတ်မှတ်ထားပြီး ရေခဲတောင်တက်ခရီးစဉ် အတွေ့အကြုံမရှိသေးသည့် ပထမအကြိမ်တက်ရောက်မည့်သူများကို Level-1 အဆင့် ဖုန်ကန်ရာဇီရေခဲတောင်ကို တက်ရောက်စေပြီး အောင်မြင်ပြီးပါက ခရီးလမ်းကြမ်းတမ်းသော အခြားရေခဲတောင်များကိုတက်ရောက်ရန် အကြံပြုတိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရပါတယ်။နှစ်စဉ် မတ်လရောက်တာနဲ့ ရေခဲတောင်တက်ခရီးသွားတွေကို စပြီးဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။ ခရီးစဉ်တွေကို ကြိုတင်လက်ခံထားပြီးမှ ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ခရီးသွားတွေရဲ့အလုံးစုံကို တာဝန်ယူရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင် အန္တရာယ်ကင်းအောင် အထူးကြပ်မတ်ဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရေခဲတောင်တက်ခရီးစဉ် အတွေ့အကြုံကောင်းတွေရှိတဲ့အတွက် အထိအခိုက်မရှိအောင်၊ ကိုယ့်နိုင်ငံရဲ့ရေခဲတောင်အလှကို ရုပ်ရှင်၊ အင်တာနက်ကနေ မဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့ခံစားဖမ်းဆုပ်လို့ရအောင် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်” လို့ ပူတာအိုမြို့ရှိ ရေခဲတောင်တက် ခရီးသွားဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီ တစ်ခုမှ ပြောပါတယ်။ကုန်ခဲ့တဲ့ မတ်လကုန်ပိုင်းအတွင်းက ရေခဲတောင်ဒေသတွင် ရာသီဥတုအနေဖြင့် နှင်းမိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အထူးသတိထား၍ ခရီးသွားများကို ဝန်ဆောင်မှုပေးနေကြောင်းလည်း သိရပါတယ်။ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁,၀၀၀ ကျော် တွင်ရှိပြီး ရေခဲတောင်တက် ခရီးသွားပို့ဆောင်ရေး ကုမ္ပဏီများမှ ခရီးသွားများအား ပူတာအိုမြို့မှ ညအိပ်ခရီးအဖြစ် အသွား/အပြန် ၆ ညအိပ်၊ ၇ ရက်ခရီးစဉ်ကို ဝန်ဆောင်မှုပေးနေတာဖြစ်ကြောင်း သိရပါတယ်။ကုမ္ပဏီများအနေဖြင့် ဖုန်ကန်ရာဇီရေခဲတောင်တက် ၇ ရက်ခရီးစဉ်တွင်လည်းကောင်း၊ ခါကာဘိုရာဇီ ရေခဲတောင်တက် ၁၇ ရက် ခရီးစဉ်တွင်လည်းကောင်း တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ကြောင်းသိရပါတယ်။ ရေခဲတောင်တက်ရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ရမည်ဖြစ်ကြောင်းနှင့် မတက်ရောက်မီ ကြိုတင်ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တောင်တက်အတွေ့အကြုံနှင့် သက်ဆိုင်သည့် ဗဟုသုတ လေ့ကျင့်ခန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဝန်ဆောင်မှုကုမ္ပဏီများထံမှ သိရပါတယ်။

news-view-count-icon

31