back

ရန်ကုန်မြို့ရှိတမိလ်ဟိန္ဒူဘုရားကျောင်း မီးနင်းပွဲတော်၌ ပါဝင်ဆင်နွှဲသူများပြား

Apr 03 • 2:36 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ရှိတမိလ်ဟိန္ဒူဘုရားကျောင်း မီးနင်းပွဲတော်၌ ပါဝင်ဆင်နွှဲသူများပြား

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှာရှိတဲ့ တမိလ်ဟိန္ဒူဘုရားကျောင်း မီးနင်းပွဲ တော်မှာ လာရောက်အဓိဋ္ဌာန်ပြု မီးနင်းတဲ့သူတွေဟာ အရင်နှစ်တွေထက်...

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှာရှိတဲ့ တမိလ်ဟိန္ဒူဘုရားကျောင်း မီးနင်းပွဲ တော်မှာ လာရောက်အဓိဋ္ဌာန်ပြု မီးနင်းတဲ့သူတွေဟာ အရင်နှစ်တွေထက် ပိုမိုများပြားခဲ့တယ်လို့ ဘုရားကျောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ တမိလ်ဟိန္ဒူဘုရားပွဲတော်ကို မတ်လ(၂၃)ရက်ကစပြီး (၁၀)ရက်တိုင် တိုင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။အရင်နှစ်တွေက မီးနင်းပွဲတော်မှာပါဝင်ဆင်နွှဲသူ နှစ်ထောင်နီးပါးရှိပြီး အခုနှစ်မှာတော့ ဒီထက်ပိုများလာတယ်လို့ တမိလ်ဟိန္ဒူဘုရားကျောင်း ဂေါပကရုံး၊ မန်နေဂျာဦးလင်းလင်းနိုင်က ပြောပါတယ်။ ပွဲတော်စတင်တဲ့နေ့မှာတော့ သာသနာ့အလံတင်ပွဲတော်နဲ့ ညပူဇော်ပွဲကို ကျင်းပခဲ့ပြီး မတ်လ (၃၁) ရက်မှာတော့ ညမီးအိုး၊ ပန်းအိုးတွေနဲ့ လှည့် လည်ပူဇော်ခံကာ ဧပြီလ(၁)ရက်မှာ မီးနင်းပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ မီးနင်းပွဲတော်မှာ ပါဝင်ဖို့အတွက် (၁၀)ရက်တိတိ သီလစောင့်ထိန်းရတယ်လို့ မီးနင်းပွဲတော်မှာ ပါဝင်ကုသိုလ်ယူခဲ့ သူအချို့က ပြောပါတယ်။

news-view-count-icon

22