တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် နှစ်လကျော်ကြာ ပြတ်တောက်နေသည့် လျှပ်စစ်ဓာတ်အား ယမန်နေ့ကပင် ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းသို့ လျှပ်စစ်မီး ပြတ်တောက်ချိန် အီရန်စစ်ပွဲဂယက်ကြောင့် စက်သုံးဆီစျေးလည်း အဆမတန် လိုက်ပါမြင့်တက် လာသဖြင့် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သည့် တောင်သူများ အခက်အခဲ ကြုံခဲ့ရသည်။ လျှပ်စစ်မရသဖြင့် မီးစက်အသုံးပြုကာ ဒူးရင်းခြံများတွင် ရေလောင်းရသဖြင့် ကုန်ကျစရိတ် ၁၀ ဆကျော်အထိ မြင့်တက်ခဲ့ သည်။ လက်ရှိတွင် လျှပ်စစ်ဓာတ်အား ပြန်ရသဖြင့် စိုက်ပျိုးစရိတ် သက်သာလာနိုင်ကြောင်း ဒူးရင်းစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
Apr 03 • 2:35 AM
Myanmar
Tanintharyi
Share
| 17 | 0 | 0 | 0 |


