back

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံး

Apr 03 • 2:30 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်က ဧပြီ ၁ ရက် ညနေ ၆ နာရီ...

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်က ဧပြီ ၁ ရက် ညနေ ၆ နာရီ ၅၀ မိနစ်လောက်မှာ အထက (၃) စာသင်ကျောင်းဘေးကနေ စူပါကတ်ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့ အမျိုးသားတစ်ဦးကို Scoopy ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦးက ဝင်တိုက်မိတာလို့ သိရပါတယ်။“အဲဒီနေရာနားက လူတွေပြောတာအရ သိရတာပါ။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ မစိုးရိမ်ရပါဘူး”လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

news-view-count-icon

20