မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးရဲ့ ဂန္ဓကုဋိ တိုက်ကြီး အသစ်ပြန်လည် တည်ဆောက်ခြင်း နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်နဲ့ ဇိနမာန်အောင် စေတီတော် ထီးတော်သစ်တင်လှူတဲ့ အခမ်းအနားကို ဧပြီလ ၁ ရက် မနက်ပိုင်းက ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ် ဆံတော်ရှင် မြတ်ဘုရားကြီးမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။အခမ်းအနားမှာ ကျိုက္ခမီမြို့အလယ် ကျောင်းတိုက်ရဲ့ ဩဝါဒါစရိယ ဦးစီးပဓာနဖြစ်တော်မူတဲ့ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တ နန္ဒသာရထံက ငါးပါးသီလခံယူကြပြီး ဆရာတော်ကြီးတွေထံကို ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တွေ ကပ်လှူပူဇော်ခဲ့ကြပါတယ်။ ဒါ့အပြင် မနက် ၈ နာရီမှာ ဇိနမာန်အောင် စေတီ တော် ထီးတော်မြတ်ကို ဘုံအဆင့်အလိုက် ထီးတော်တင်လှူပြီး ရွေမိုးငွေမိုးရွာသွန်းဖြိုးကာ အခမ်းအနားအပြီးမှာ သံဃာတော် အရှင်သူမြတ် အပါး ၁၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ရှိ ကျိုက္ခမီဘုရားကြီးရဲ့ ဂန္ဓကုဋိ တိုက်ကြီး နှစ်(၁၀၀)ပြည့်နှင့် ထီးတော်သစ်တင်အခမ်းအနား ကျင်းပ
Apr 03 • 1:19 AM
Myanmar
Mon
Share
| 15 | 0 | 0 | 0 |


