ရှမ်းပြည်၊ကျိုင်းတုံမြို့ရှိ KTV ဆိုင်မှာ အလုပ်ရမည်ဆိုပြီးလိမ်လည်ရောင်းစားကာ ပြည့်တန်ဆာလုပ်ခိုင်းသူကိုလူကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာKTV ဆိုင်မှာ အလုပ်ရမယ် တစ်လသိန်း(၃၀)ရမယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ကျိုင်းတုံမြို့သို့ သွားရောက်ရမှာဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးကားဝင်း သို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေငါးသောင်းကျပ်ပေးပြီး ကျိုင်းတုံမြို့သို့ရောက်လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးကာ ကားပေါ်တင်ပေး၍ ပြန်သွားခဲ့ပါတယ်။ ဆက်သွယ်ရန်ဖုန်းပေးထားတဲ့အမျိုးသမီး KTVမှာ အလုပ်လုပ်ချင်သူအမျိုးသမီးကို မှတ်ပုံတင်သိမ်းပြီး သိန်း(၃၀) ပြန်မပေးနိုင်ပါက ပြည့်တန်ဆာလုပ်ပေးရမယ်လို့အကြပ်ကိုင်လို့ အခမဲ့ပြည့်တန်ဆာလုပ်ပေးခဲ့ရကြောင်း ၊ကျူးလွန်သူအမျိုးသမီးနှစ်ဦးအနက်တစ်ဦးကို ထောင်ဒဏ်၁၁နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။



