back

မက်ဆီ ဂိုးသွင်းနိုင်တဲ့ နိုင်ငံအသင်း (၄၀)အထိရှိလာ

Apr 02 • 3:01 AM

breaking-news

Myanmar

International

cover

မက်ဆီ ဂိုးသွင်းနိုင်တဲ့ နိုင်ငံအသင်း (၄၀)အထိရှိလာ

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ဇမ်ဘီယာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းယူနိုင...


အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ဇမ်ဘီယာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းယူနိုင်တဲ့ နိုင်ငံအသင်းပေါင်း (၄၀)ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် (၁၉၈)ပွဲကစားကာ (၁၁၆)ဂိုး သွင်းယူပေးထားပြီး ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ ပြိုင်ဘက်က ခရိုအေးရှားအသင်း ဖြစ်ပါတယ်။မက်ဆီ ဂိုးအများဆုံးသွင်းနိုင်တဲ့ နိုင်ငံအသင်းက (၁၁)ဂိုးသွင်းယူထားတဲ့ ဘိုလစ်ဗီးယားဖြစ်ပြီး ဥရောပအသင်းတွေထဲမှာဆိုရင်တော့ (၅)ဂိုးသွင်းယူထားတဲ့ အက်စ်တိုးနီးယား ဖြစ်ပါတယ်။မက်ဆီရဲ့ မဟာပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကတော့ နိုင်ငံအသင်း (၄၈)သင်းကို ဂိုးသွင်းထားနိုင်ပြီး စုစုပေါင်းလက်ရေးစင်သွင်းဂိုး (၁၄၄)ဂိုးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။မက်ဆီဟာ ဆွစ်ဇာလန်၊ ဘရာဇီးလ်၊ ဂွါတီမာလာ၊ ပနားမား၊ အီကွေဒေါ၊ ဟေတီ၊ ဘိုလစ်ဗီးယား၊ အက်စ်တိုးနီးယား၊ ကူရာဆာအိုတို့နဲ့ပွဲတွေမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အက်စ်တိုးနီးယားကို သွင်းယူခဲ့တဲ့(၅)ဂိုးက တစ်ပွဲတည်းမှာ သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

17