မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့နယ်၌ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှစတင် ဖြေဆိုလျှက်ရှိရာ မကွေးမြို့၊ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်းတိုက်၌ စတုတ္တနေ့ဆက်လက် ဖြေဆိုလျက်ရှိရာ စာမေးပွဲကြီးကြပ်ဆရာတော် ကြီးများနှင့် စာဖြေသံဃာတော်၊ သီလရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ များကနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် မတ် ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ယနေ့ စတုတ္တနေ့ အဖြစ် ဆက်လက်ဖြေဆိုလျှက်ရှိရာ ပထမကြီး(၅၈)ပါး၊ ပထမလတ်(၁၁၄)ပါး၊ ပထမငယ်(၁၂၆)ပါးနှင့် အခြေပြုမူလတန်း(၂၀၀)ပါးစသည့် ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း (၄၉၈)ပါးကြွရောက်ဖြေဆိုခဲ့ပြီး ( ၆၉)ပါး မှာ ကြွရောက်ဖြေဆိုနိုင်ခြင်းမရှိကြောင်းသိရသည်။
| 25 | 0 | 0 | 0 |


