back

မကွေးမြို့အောင်မေတ္တာရပ်ကွက်တွင်သစ်တောဈေးတည်ဆောက်လျက်ရှိ

Apr 02 • 2:57 AM

breaking-news

Myanmar

Magway

cover

မကွေးမြို့အောင်မေတ္တာရပ်ကွက်တွင်သစ်တောဈေးတည်ဆောက်လျက်ရှိ

မကွေးမြို့ပေါ်ရှိအောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နဲ့ တိုးချဲ့ရပ်ကွက်များမှာ ရှိတဲ့ ပြည်သူများ သန့်ရှင်းသပ်ရပ်စွာနဲ့ဈေးဝယ်ယူနိုင်စေဖို့နဲ့ ပျံကျဈေးသည်များစန...

မကွေးမြို့ပေါ်ရှိအောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နဲ့ တိုးချဲ့ရပ်ကွက်များမှာ ရှိတဲ့ ပြည်သူများ သန့်ရှင်းသပ်ရပ်စွာနဲ့ဈေးဝယ်ယူနိုင်စေဖို့နဲ့ ပျံကျဈေးသည်များစနစ်တကျ ရောင်းချနိုင်ဖို့အတွက်သစ်တောဈေးကိုတည်ဆောက်လျှက်ရှိသည်။ အဆိုပါသစ်တောဈေးကိုတော့ ပြည်သူများရဲ့ ထည့်ဝင်ငွေကျပ်သန်း(၂၀၀)နဲ့ ဖေဖော်ဝါရီလ ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ(၈၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ရာ သစ်တော ဈေးတွင် ကုန်ခြောက်ဆိုင် (၁၄၀) ခန်း၊ သား/ငါး (၁၂) ခန်း နှင့် ပျံကျ (၈၄)ခန်းပါရှိ၍ ပျံကျဈေးသည်များစနစ်တကျရောင်းချနိုင်ဖို့အတွက်ကိုလည်းစီစဉ်ဆောင်ရွက်ပေးထားလျှက် ရှိကြောင်းသိရသည်။ အဆိုပါ သစ်တောဈေးတွင် ဈေးသည်များအဆင်ပြေစေရန်အတွက် ဈေးဆိုင်ခန်းများမှာရေ၊ မီးနဲ့ သန့်စင်ခန်းများကို စုံလင်စွာဆောင်ရွက်ပေးထားတဲ့ အပြင်သွားလာရေး အဆင်ပြေ စေရန်ဈေးအတွင်း လမ်းမကြီးနဲ့လမ်းသွယ်များမှာလည်း ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက် ပေးထားကာအလျားပေ(၇၂၀)၊ အကျယ်ပေ(၁၀၀)ကျယ်ဝန်းပြီးမကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက် ပညာရေးကောလိပ်လမ်းနဲ့ သုခိတာလမ်းကြား၌ တည်ဆောက်ထားပြီး ပြည်သူ များ အခြေခံစားသောက်ကုန်များကို လွယ်လင့်တကူဝယ်ယူရောင်းချနိုင်စေမှာ ဖြစ်တဲ့အပြင် မြို့သန့်ရှင်းသာယာလှပရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်တယ်လို့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူထံမှသိရှိရသည်။

news-view-count-icon

22