back

တနင်္သာရီတိုင်း၊ရေဖြူတွင် စက်သုံးဆီဈေး မြင့်တက်နေ၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ အလုပ်ရပ်ထားရ

Apr 02 • 2:56 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ရေဖြူတွင် စက်သုံးဆီဈေး မြင့်တက်နေ၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ အလုပ်ရပ်ထားရ

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူမျာ...

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ လုပ်ငန်းရပ်ဆိုင်းလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ရေဖြူမြို့နယ်တွင် ယခင်က စက်သုံးဆီတစ်ဂါလံလျှင် ကျပ်တစ်သောင်းသုံးထောင်ဝန်းကျင်သာ ရှိခဲ့ရာမှ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ တစ်ဂါလံလျှင် ကျပ် ၆၀,၀၀၀ နီးပါးအထိ စျေးတက်သွားကြောင်း၊ ယင်းကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေမလောင်းနိုင်တော့ဘဲ တောင်သူအချို့ အလုပ်ရပ်နားထားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။တောင်သူများအနေဖြင့် စက်သုံးဆီဝယ်ယူကာ မီးစက်ဖြင့် ရေမောင်းပြီး စိုက်ပျိုးနေခြင်းဖြစ်ရာ ကုန်ကျစရိတ်မှာ လေးဆနီးပါး မြင့်တက်လာသဖြင့် အခက်တွေ့နေကြရကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

news-view-count-icon

13