back

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြင်သစ်ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

Apr 02 • 1:25 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြင်သစ်ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင် ကွယ်လွန်မှုအတွက် မတ် ၃၁ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ဂျိ...

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ‌ဂျိုစပင် ကွယ်လွန်မှုအတွက် မတ် ၃၁ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ဂျိုစပင်မှာ တရုတ်-ပြင်သစ် ဆက်ဆံရေး တိုးတက်မှုအတွက် အပြုသဘော အကျိုးဆောင်ခဲ့သည့် အမြော်အမြင်ရှိသော ဝါရင့် ပြင်သစ်နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်န်-နိုအယ်လ် ဘားရော့ထံ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းရေးသားထားသည်။ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန်အတွက် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိရေး ပြင်သစ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။

news-view-count-icon

6