back

တရုတ်နိုင်ငံ၏ ပထမဆုံး တန်ချိန် ၇ တန်အဆင့် ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 ပထမဆုံး ပျံသန်းမှု အောင်မြင်

Apr 02 • 1:24 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ ပထမဆုံး တန်ချိန် ၇ တန်အဆင့် ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 ပထမဆုံး ပျံသန်းမှု အောင်မြင်

တရုတ်နိုင်ငံ၏ ပထမဆုံး တန်ချိန် ၇ တန်အဆင့် လေယာဉ်တောင်ပံသေတပ်ဆင်ထားသော (fixed-wing) ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 ကို မတ် ၃၁ ရက် နံနက်ပိုင်းတွင် တရ...

တရုတ်နိုင်ငံ၏ ပထမဆုံး တန်ချိန် ၇ တန်အဆင့် လေယာဉ်တောင်ပံသေတပ်ဆင်ထားသော (fixed-wing) ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 ကို မတ် ၃၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့ ရှန့်ကျဲလေဆိပ်၌ ပထမဆုံး ပျံသန်းမှု အောင်မြင်စွာ ပြီးစီးခဲ့သည်။ Changying-8 ကုန်တင် မောင်းသူမဲ့ လေယာဉ် (UAV) သည် တရုတ်နိုင်ငံ ပြည်တွင်း ပထမဆုံး လက်တွေ့ယာဉ် စမ်းသပ်အတည်ပြုထားသော တန်ချိန် ၇ တန်အဆင့် မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းဖြစ်ပြီး “ဝေဟင်က အကြီးစားထရပ်ကား” ဟု တင်စားခေါ်ဝေါ်ကြသည်။ ၎င်းသည် တရုတ်နိုင်ငံတွင် တန်ချိန် ၇ တန်အဆင့် ကုန်တင် မောင်းသူမဲ့လေယာဉ် ပလက်ဖောင်း လစ်ဟာမှုကို ဖြည့်ဆည်းပေးခဲ့ပြီး အဆင့်မြင့် စမတ်လေကြောင်း ထောက်ပံ့ပို့ဆောင်ရေးစက်ကိရိယာကဏ္ဍအတွက် အဓိကကျသော ကိုယ်ပိုင်နည်းပညာ ကျော်လွှားတိုးတက်မှုရရှိခဲ့သည့် အမှတ်သင်္ကေတဖြစ်ပေသည်။ အဆိုပါ UAV ကို ခရီးဝေး ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ပို့ဆောင်ပေးခြင်း၊ နယ်စပ် ထောက်ပံ့ရေးပစ္စည်းများ ဖြည့်စွက်ပေးခြင်းနှင့် ရှုပ်ထွေးသော မြေပြင်အခြေအနေများတွင် လုပ်ငန်းဆောင်ရွက်ခြင်း စသည့်ကဏ္ဍများတွင် အသုံးပြုနိုင်သည်။ ယင်းသည် ဝေဟင်နိမ့်လေကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အရေးပေါ် အာမခံစနစ် တည်ဆောက်ရေးအတွက် စက်ကိရိယာဆိုင်ရာ ထောက်ပံ့မှု ပေးခဲ့ပြီး အများဆုံး ပျံသန်းနိုင်သော အကွာအဝေးမှာ ကီလိုမီတာ ၃,၀၀၀ ကျော် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

7