ထိုင်းနိုင်ငံတစ်ဝန်းရှိ လိုင်စင်ရဆေးခြောက်ဆိုင်ပေါင်း ၁၁,၀၀၀ ခန့်ကို စနစ်တကျ စည်းကမ်းကြပ်မတ်ထား သည့် ဆေးခန်းများအဖြစ် ပြောင်းလဲရန် အစီအစဉ်အပါအဝင် အစိုးရ၏ ဆေးဘက်ဆိုင်ရာ ဆေးခြောက်မူဝါဒကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်သည်။ ဆေးခြောက်လုပ်ငန်းကို လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းသစ်များကို လိုက်နာရန်အတွက် သုံးနှစ်ခန့် အချိန် ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ထိုင်းတစ်နိုင်ငံလုံး၌ ဆေးခြောက်ဆိုင်ပေါင်း ၁၁,၀၀၀ ခန့် မှတ်ပုံတင်ထားပြီး နှစ်စဉ် လိုင်စင် ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့် သက်တမ်းကုန်ဆုံးလျက်ရှိသည်။



