back

ချင်းမိုင်လေထု အဆိုးဆုံးအဆင့်ရောက်၊ မြန်မာလုပ်သားများ ကျန်းမာရေးသတိထားရန် တိုက်တွန်း

Apr 01 • 3:00 PM

breaking-news

Thailand

Local News

cover

ချင်းမိုင်လေထု အဆိုးဆုံးအဆင့်ရောက်၊ မြန်မာလုပ်သားများ ကျန်းမာရေးသတိထားရန် တိုက်တွန်း

မြန်မာနိုင်ငံသားတွေ သိန်းချီရှိတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်ကို ရောက်နေတဲ့အတွက် အပြင်ထွက်တာတွေရှောင်ဖို့ ထိုင်းအာဏာပို...

မြန်မာနိုင်ငံသားတွေ သိန်းချီရှိတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်ကို ရောက်နေတဲ့အတွက် အပြင်ထွက်တာတွေရှောင်ဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားသလို မြန်မာတွေအနေနဲ့ ကျန်းမာရေးသတိပေးချက်တွေ လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ ချင်းမိုင်မြို့မှာ မီးခိုးမြူ P.M 2.5 အဆင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်ကို ကြုံနေတာ ဒီနေ့နဲ့ဆိုရင် ၅ ရက်ကျော်အထိ ရှိလာနေပါပြီ။ P.M 2.5 ဆိုတာဟာ လူတွေမျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တဲ့ မီးခိုးမြူမှုန် အသေးငယ်တွေပါ။ ဆံပင်တချောင်းရဲ့အထူထက် အဆ ၃၀ လောက်သေးငယ်ပြီး လေထဲမှာရှိနေတဲ့အတွက် အသက်ရှူတဲ့အခါ အဆုတ်ထဲထိ တိုက်ရိုက်ဝင်ကာ အသက်ရှူရခက်တာ၊ မျက်စိယားယံ ခေါင်းကိုက်တာတွေနဲ့ အဆုတ်ရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်တဲ့အထိ ခံစားရနိုင်ပါတယ်။




news-view-count-icon

10