မော်လမြိုင်မြို့နယ်အတွင်းရှိဝန်ထမ်းများကိုသာ သီးသန့်ရောင်းချပေးနေသည့် မော်လမြိုင် DENKO ဆီဆိုင်မှ ဆီရောင်းချရာတွင် အချိန်အတွယ်ပြည်မီခြင်းမရှိဟု ယင်းဆီဆိုင်တွင် ဆီသွားရောက်ဝယ်ယူနေသည့် ဝန်ထမ်းများထံမှသိရှိရသည်။ မနေ့ မတ် ၃၁ ရက်နေ့က ဟိုင်းဂျက်နဲ့ဆီသွားထည့်တာ ၇ သောင်းဖိုရတယ် ဆီကတစ်မှတ်ပဲတက်တယ် တခြားဆိုင်မှာဆို တစ်မှတ်ခွဲကျော်ကျော်ရတယ် ဟု ပညာရေးဝန်းထမ်းတစ်ဦးကပြောသည်။ ဝန်းထမ်းကတ်နဲ့ DENKO မှာဆီသွားဖြည့်တာ ၅ သောင်းဖိုးရတယ် ဆီက သုံးမှတ်ပဲတက်လာတယ်အဲဒါနဲ့ တခြားဆိုင်မှာအပင်ပန်းခံပြီးတန်စီထည့်လိုက်တာ ၅ သောင်းဖိုး ၆ မှတ်တက်လာတယ် ဟု DENKO ဆီဆိုင်တွင်ဆီသွားရောက်ဝယ်ယူသည့်ဝန်ထမ်းတစ်ဦးကရင်ဖွင့်ပြောကြားသည်။ ယင်းဆီဆိုင်မှ ဆီရောင်းချရာတွင် အချိန် အတွယ်ပြည်မီခြင်းမရှိဟု အခြားဝန်ထမ်းများကလည်းပြောကြားကြသည်။



