ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန်-မန္တလေးလမ်းဘေးတွင် ရပ်နားထားသော ကုန်တင်ကားပေါ်၌ မတ်လ ၃၀ ရက်နေ့ညက လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၂၂ နှစ်အရွယ် ယာဉ်နောက်လိုက် မောင်သန်းကျော်သည် ၎င်းအပေါ် အကြိမ်ကြိမ် နိုင်ထက်စီးနင်းပြုကာ မိဘနှင့်နှိုင်း၍ ဆဲဆိုကြိမ်းမောင်းလေ့ရှိသည့် ယာဉ်မောင်းဖြစ်သူ မောင်မြင့်ဦး (၃၁ နှစ်) အိပ်ပျော်နေစဉ်အတွင်း ကတ်ကြေးဖြင့်ထိုးကာ တူဖြင့်ထု၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူတွင် လည်ပင်း၊ ဂုတ်နှင့် နားထင်တို့၌ ထိုးသွင်းဒဏ်ရာများဖြင့် ကားခေါင်းခန်းအတွင်း မှောက်လျက်သား သေဆုံးနေသည်ကို တွေ့ရှိရပြီး၊ ပြစ်မှုကျူးလွန်သူ မောင်သန်းကျော်ကို အင်းတကော်ရဲစခန်းက (ပ)၂၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရပါသည်။
အင်းတကော်မြို့၌ ယာဉ်မောင်းဖြစ်သူက နိုင်ထက်စီးနင်းပြုကျင့်မှုကို မကျေနပ်သဖြင့် ယာဉ်နောက်လိုက်က အိပ်ပျော်နေစဉ်အတွင်း လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွား
Apr 01 • 7:57 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


