back

အစိုးရရုံးဌာနများ လျှပ်စစ်မီးပိတ်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရ ညွှန်ကြားထား

Apr 01 • 7:55 AM

breaking-news

Myanmar

International

cover

အစိုးရရုံးဌာနများ လျှပ်စစ်မီးပိတ်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရ ညွှန်ကြားထား

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာစွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစိုးရရုံးဌာနများ၌ လျှပ်စစ်မီးနှင့် လေအေးပေ...

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာစွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစိုးရရုံးဌာနများ၌ လျှပ်စစ်မီးနှင့် လေအေးပေးစက်များ ပိတ်ထားကြရန် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ညွှန်ကြားလိုက်သည်။ လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသူဖြစ်ပြီး၊ လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် စွမ်းအင်ကွင်းဆက် ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။ အစိုးရအနေဖြင့် ဤစွမ်းအင်ပြဿနာကို ဖြေရှင်းရန် ပြည်ပမြီရှင်များထံမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ချေးယူနိုင်ရေး ကြိုးပမ်းနေကြောင်း သိရှိရပါသည်။

news-view-count-icon

5