ထိုင်းနိုင်ငံမှာ လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်တိုက်မှု လျှော့ချနိုင်ဖို့အတွက် ယာဉ်စည်းကမ်းတွေကို ဧပြီလ ၁ ရက်နေ့ကစပြီး အရင်ကထက် ပိုမိုတင်းကျပ်စွာ အရေးယူတော့မှာ ဖြစ်ပါတယ်။ အရင်က ပြည်သူတွေ အသားကျအောင် ပညာပေးကာလအဖြစ် "ဒဏ်မရိုက်မီ သတိပေးခြင်း" အဆင့်တွေကို လုပ်ဆောင်ခဲ့ပေမဲ့ အခုတော့ အဲဒီကာလ ကုန်ဆုံးသွားပြီဖြစ်လို့ စည်းကမ်းဖောက်ဖျက်သူတွေကို ပြတ်ပြတ်သားသား စတင်အရေးယူနေပြီ ဖြစ်ပါတယ်။အဓိကအရေးယူမယ့် အချက် ၁၀ ချက်နဲ့ ဒဏ်ကြေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။ သတ်မှတ်အရှိန်ထက် ပိုမောင်းခြင်း - ဒဏ်ငွေ ဘတ် ၄,၀၀၀ အထိ (အရင်က ဘတ် ၁,၀၀၀)။၂။ မီးနီဖြတ်မောင်းခြင်း - ဒဏ်ငွေ ဘတ် ၄,၀၀၀ အထိ (အရင်က ဘတ် ၁,၀၀၀)။
၃။ လူကူးမျဉ်းကြားတွင် လမ်းကူးသူများကို ကားမရပ်ပေးခြင်း - ဒဏ်ငွေ ဘတ် ၄,၀၀၀ အထိ။
၄။ ကားမောင်းနေစဉ် ဖုန်းအသုံးပြုခြင်း (Hands-free မပါဘဲ) - ဒဏ်ငွေ ဘတ် ၄,၀၀၀ အထိ။
၅။ လမ်းပြောင်းပြန်မောင်းခြင်း - ဒဏ်ငွေ ဘတ် ၂,၀၀၀ အထိ (အရင်က ဘတ် ၅၀၀)။
၆။ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း (မောင်းသူရော လိုက်ပါသူပါ) - ဒဏ်ငွေ ဘတ် ၂,၀၀၀ အထိ။
၇။ ထိုင်ခုံခါးပတ်မပတ်ခြင်း (မောင်းသူရော လိုက်ပါသူပါ) - ဒဏ်ငွေ ဘတ် ၂,၀၀၀ အထိ။
၈။ ယာဉ်မောင်းလိုင်စင် မပါရှိခြင်း - ဒဏ်ငွေ ဘတ် ၁,၀၀၀ အထိ (ထောင်ဒဏ် ၁ လအထိလည်း ချမှတ်ခံရနိုင်ပါတယ်)။
၉။ အရက်မူးပြီး မောင်းနှင်ခြင်း - ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ နှင့် ထောင်ဒဏ် ၁ နှစ်အထိ၁၀။ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ မောင်းနှင်ခြင်း - ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ နှင့် ထောင်ဒဏ် ၁ နှစ်အထိဖြစ်ကာအဲဒီလို ယာဉ်စည်းကမ်းတွေကို တင်းကျပ်လိုက်တာဟာ ပြည်သူတွေအကြား ယာဉ်စည်းကမ်း လိုက်နာတဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းမှာရှိတဲ့ ယာဉ်မောင်းသူတွေအနေနဲ့ ဒဏ်ငွေ အများအပြား မပေးရလေအောင်နဲ့ ထောင်ဒဏ် အန္တရာယ်ကနေ ကင်းဝေးအောင် ယာဉ်စည်းကမ်းတွေကို အထူးဂရုစိုက် လိုက်နာကြဖို့ လိုအပ်ပါတယ်။



