မြန်မာအသင်းဟာအာရှဖလားခြေစစ်ပွဲစဉ်အဖြစ် စုစုပေါင်း ( ၆ ) ပွဲကစားခဲ့ပြီး ( ၄ ) ပွဲနိုင် ( ၂ ) ပွဲ ရှုံးနိမ့်ခဲ့ပါတယ် အာဖဂန်နစ္စတန်အသင်းနှင့်ပါကစ္စတန်အသင်းတို့ကို နှစ်ကျော့စလုံးအနိုင် ဆီးရီးယားအသင်းကို နှစ်ကျော့လုံးရှုံးနိမ့်ခဲ့ပြီး စုစုပေါင်း ရဂိုး ( ၈ ) ဂိုး ပေးဂိုး ( ၁၁ ) ခွင့်ပြုခဲ့ရပါတယ် ။မြန်မာအသင်းအတွက် သွင်းဂိုးတွေကိုတော့ သန်းပိုင်က ( ၄ ) ဂိုး ၊ မောင်မောင်လွင် ( ၂ ) ဂိုး၊ နန္နကျော်နှင့်ခွန်ကျော်ဇင်ဟိန်းတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပါတယ် ။မြန်မာအသင်းအနေနဲ့ ဦးမျိုးလှိုင်ဝင်းလက်ထက်မှာ နိုင်သင့်တဲ့ပွဲတွေကိုနိုင်ခဲ့ပေမဲ့ ခြေစွမ်းတိုးတက်ဖို့တော့အများကြီးလိုအပ်နေပါတယ် ။



