စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှုများသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV ၏ ဖော်ပြချက်အရ ကြာသပတေးနေ့အထိ အားလပ်ရက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုပေါင်း ၂.၀၄ သန်း ရှိခဲ့ပြီဖြစ်ကြောင်း TravelSky Technology မှ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာခရီးစဉ် (အဝင်/အထွက်) ကြိုတင်မှာယူမှုမှာ ၆၀၀,၀၀၀ ရှိပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
Mar 31 • 8:43 AM
China
Local News
Share
| 8 | 0 | 0 | 0 |


