မြန်မာနိုင်ငံ၏ နာမည်ကြီး မုန့်တိုက်တစ်ခုဖြစ်သော Koung Mon Bakery (ကောင်းမွန်) ၏ တည်ထောင်မှု နှစ် (၄၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် စုစုပေါင်း ငွေသားကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ကံစမ်းမဲများနှင့် အခြားဆုမဲများစွာကို မဲဖောက်ပေးခဲ့သည်။ အဆိုပါ ပျော်ပွဲရွှင်ပွဲတွင် ကောင်းမွန်မုန့်တိုက်မှ ဝန်ထမ်းများက ချစ်စရာကောင်းသော အကအလှများဖြင့်လည်း တင်ဆက်ဖျော်ဖြေခဲ့ကြပြီး၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ရင်းနှီးနွေးထွေးသည့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Koung Mon Bakery ၏ နှစ် (၄၀) ပြည့် အထိမ်းအမှတ်ပွဲတွင် ဝန်ထမ်းများအား ငွေသားကျပ်သိန်း ၆၀၀ ကျော် ကံစမ်းမဲဖောက်ပေး
Mar 31 • 8:33 AM
Myanmar
Yangon
Share
| 7 | 0 | 0 | 0 |


