စင်ကာပူနိုင်ငံတွင် ၂၀၀၇ ခုနှစ်ကတည်းက စတင်ခြေကုပ်ယူခဲ့ပြီး လူငယ်များအကြား အလွန်ရေပန်းစားသည့် သြစတြေးလျအခြေစိုက် Fast Fashion အမှတ်တံဆိပ် Cotton On Asia သည် ၎င်း၏လုပ်ငန်းအားလုံးကို ရပ်ဆိုင်းကာ ဆိုင်ခွဲများကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ထုတ် အစိုးရဂေဇက် (Government Gazette) ကြေညာချက်အရ သိရှိရသည်။ Cotton On Group သည် စင်ကာပူတွင် Wisma Atria ၌ ပထမဆုံးဆိုင်ခွဲကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဟောင်ကောင်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများအထိပါ တိုးချဲ့ခဲ့သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ယခုပိတ်သိမ်းမည့် အစီအစဉ်တွင် Cotton On အဝတ်အထည်ဆိုင်များသာမက လူကြိုက်များသည့် ဖိနပ်အမှတ်တံဆိပ် Rubi နှင့် စာရေးကိရိယာအမှတ်တံဆိပ် Typo ဆိုင်ခွဲများအားလုံးပါဝင်ပြီး စင်ကာပူတစ်နိုင်ငံလုံးရှိ ဆိုင်ခွဲပေါင်း ၃၀ ကျော်သည် ဈေးကွက်အတွင်းမှ လုံးဝနှုတ်ဆက်ထွက်ခွာသွားတော့မည်ဖြစ်သည်။ 
စင်ကာပူတွင် ဆယ်စုနှစ်နှစ်ခုနီးပါး အခြေစိုက်ခဲ့သည့် Cotton On Asia လုပ်ငန်းများအားလုံး ပိတ်သိမ်းတော့မည်
Mar 31 • 8:05 AM
Singapore
Local News
Share
| 9 | 0 | 0 | 0 |


