back

ထိုင်း-ကယားပြည်နယ် နယ်စပ်၌ ဖွင့်လှစ်ထားသည့် WSP ကျောင်း အမှတ်စဥ် (၁၉) ပြီးမြောက်တဲ့ သင်တန်းသူ (၃၀) ဦးကို လက်မှတ်ပေးအပ်

Mar 31 • 2:40 AM

breaking-news

Myanmar

Kayah

cover

ထိုင်း-ကယားပြည်နယ် နယ်စပ်၌ ဖွင့်လှစ်ထားသည့် WSP ကျောင်း အမှတ်စဥ် (၁၉) ပြီးမြောက်တဲ့ သင်တန်းသူ (၃၀) ဦးကို လက်မှတ်ပေးအပ်

ထိုင်း-ကယား (ကရင်နီ)နယ်စပ် ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) လက်အောက်က အမျိုးသမီးစွမ်းရည်မြင့်တင်ရေးကျောင်း (WSP)၊...

ထိုင်း-ကယား (ကရင်နီ)နယ်စပ် ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) လက်အောက်က အမျိုးသမီးစွမ်းရည်မြင့်တင်ရေးကျောင်း (WSP)၊ အမှတ်စဥ် (၁၉) ပြီးမြောက်သူတွေကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့မှာ လက်မှတ်ပေးအပ်ခဲ့ပါတယ်။သင်တန်းသူ စုစုပေါင်း ၃၀ဦး တက်ရောက်ပြီးမြောက်ခဲ့ကြတာပါ။ အဆိုပါ WSP သင်တန်းကျောင်းမှာတော့ အင်္ဂလိပ်စာ၊ Community Development၊ Women Issues၊ Peace စတဲ့ ဘာသာရပ်တွေအထူးပြုပြီး အခြားသော အထွေထွေဗဟုသုတ ၊ ကျောင်းပြင်ပလှုပ်ရှားတွေကိုလည်း သင်ကြားပေးပါတယ်။WSP သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ အမှတ်စဉ် (၁၉) ထိ ဖွင့်လှစ်ထားနိုင်ခဲ့သလို သင်တန်းသူ အမျိုးသမီး (၄၀၀) ကျော်ကို မွေးထုတ်ထားနိုင်ခဲ့ပါတယ်။ ဒီကနေ့ လက်မှတ်ပေးအပ်ခြင်းနဲ့ ကျောင်းဆင်းပွဲအခမ်းအနားမှာတော့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ ထိုင်းအာဏာပိုင်တွေ၊ စခန်းကော်မတီတွေ၊ CBOs CSO တွေ၊ ကျောင်းသူများ နဲ့ မိဘအုပ်ထိန်းသူများအပါအဝင် စုစုပေါင်း လူဦးရေ ( ၁၈၀) ဦးခန့် တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ KNWO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

news-view-count-icon

12