back

ရခိုင်ပြည်နယ်အတွင်း ရေရှားပါးနေတဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို လူမှုရေးအဖွဲ့လေးခုစုပေါင်းပြီး ရေအခမဲ့ဖြန့်ဝေ

Mar 31 • 2:18 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်အတွင်း ရေရှားပါးနေတဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို လူမှုရေးအဖွဲ့လေးခုစုပေါင်းပြီး ရေအခမဲ့ဖြန့်ဝေ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေရှားပါးမှုဒဏ်ကိုဖြေရှင်းနိုင်ဖို့အတွက် ရခိုင်လူမှုရေးအဖွဲ့လေးခုစုပေါင်းပြီး ရေဖြန့်ဝေ‌ပေးမှုကို အခမဲ့လုပ်ဆောင်ပေးနေတယ်...

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေရှားပါးမှုဒဏ်ကိုဖြေရှင်းနိုင်ဖို့အတွက် ရခိုင်လူမှုရေးအဖွဲ့လေးခုစုပေါင်းပြီး ရေဖြန့်ဝေ‌ပေးမှုကို အခမဲ့လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ရေအခမဲ့ဖြန်ဝေပေးနေတဲ့ ရခိုင့်လူမှုရေးအဖွဲ့လေးခုကတော့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA)၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း(P.S.R.K)၊ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း(RMCYA)နဲ့ R Gree နဲ့ အများပြည်သူပရဟိတအကျိုး‌တော်ဆောင်အဖွဲ့တို့ဖြစ်ကြပါတယ်။"ကျနော်တို့ပုဏ္ဏားကျွန်းမြို့နယ်မှာ နှစ်တိုင်းလိုလိုရေရှားပါးမှုဒဏ်ကိုကြုံနေကြတယ်။ နှစ်တိုင်းလိုလို ကျနော်တို့အဖွဲ့အစည်းတွေက သီးခြားစီပေးခဲ့ကြတယ်။ တချို့နေရာတွေမှာ ပိုသွားတာတွေ၊ လိုသွားတာတွေရှိခဲ့တယ်။ အဲဒါကြောင့် ဒီနှစ်မှာ ကျနော်တို့မြို့နယ်မှာ Active ဖြစ်နေတဲ့ ဒီညီနောင်လေးဖွဲ့စုပေါင်းလုပ်ကြမယ်ဆိုပြီးတော့ ပူးပေါင်းခဲ့တယ်။ အဓိက လိုအပ်တဲ့နေရာတွေကို ထိထိမိမိရောက်နိုင်ဖို့၊ ရေအဆက်မပြတ်ရရှိနိုင်ဖို့၊ သောက်ရေနဲ့ သုံးရေ မနှစ်တုန်းကလို မျက်နှာသစ်ဖို့တောင် လုံးဝရေမရှိဘူးဆိုတဲ့ဖြစ်ရပ်မျိုး လုံးဝ မဖြစ်ရအောင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်"လို့ ပြောပါတယ်။

news-view-count-icon

11