မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံတို့တွင် ဆီဘေးဒုက္ခကြောင့် တန်းစီနေကြသူများကို ပြည်သူ - ပြည်သူချင်း ဖေးမကူညီကာ အလှူဒါနပြုနေကြကြောင်း သိရသည်။ဓာတ်ဆီ တစ်လီတာရရန်အတွက် ပင်ပန်းကြီးစွာဖြင့် ညအိပ်တန်းစီရသည်အထိ ဒုက္ခရောက် နေသော ပြည်သူများကို ပြည်သူချင်းကပင် ရေသန့်ဗူးတိုက်ခြင်း၊အအေးတိုက်ခြင်း၊ ဓာတ်ဆားနှင့် ရေ သန့်ဗူး လှူဒါန်းပေးနေကြသည်ဟု ဒေသခံအချို့ထံက သိရသည်။ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်ရှိ Puma ဆီဆိုင်တွင် နေ့စဉ် နံနက်၆နာရီမှ ညနေ၆နာရီအထိ စုံမ စနစ်ဖြင့် စက်သုံးဆီ ရောင်းချပေးလျက်ရှိပြီး ကားများကို ဓာတ်ဆီ ၂သောင်းဖိုးနှင့် ဆိုင်ကယ် ၅,၀၀၀ဖိုး ဝယ်ခွင့်ပြုကြောင်းနှင့် ည၇နာရီခန့်ကတည်းက ဆီတန်းစီနေကြရကြောင်း သိရသည်။
Mar 31 • 1:27 AM
Myanmar
Mon
Share
| 7 | 0 | 0 | 0 |


