ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ ဓနုတ်ဘုရားပွဲတော် ကျင်းပနေပြီ အဲဒီဘုရားပွဲမှာ ရိုးရာဒုံးနွားပြိုင်ပွဲတစ်ခုလည်း ကျင်းပနေပါတယ်။ လေးရက်ကြာ ယှဉ်ပြိုင်ကြမယ့်ဒီပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်က ဒုံးနွားမောင်းသမားတွေ(ဂျော်ကီ) ပါဝင်ယှဉ်ပြိုင်ကြတာကို တွေ့ရပါတယ်။ ရွာပေါင်း ၃၀ ကျော်က နွားအတွဲပေါင်း ၅၀ ကျော် ပါဝင်ယှဉ်ပြိုင်နေတယ်လို့ စီစဉ်သူတချို့ကပြောပါတယ်။ ဒီနေ့မှာ ပြိုင်ပွဲဟာဒုတိယရက်ကိုရောက်ရှိနေပြီဖြစ်သလို ညပိုင်းမှာ ဖိုးချစ်ဇာတ်အဖွဲ့က ကပြ ဖျော်ဖြေမှာပါ။ ညနေပိုင်း နေအေးချိန်မှာ ကျင်းပနေတဲ့ ဓနုတ်ဘုရားပွဲတော်က ဒုံးနွားပြိုင်ပွဲပုံရိပ်တချို့ ဖြစ်ပါတယ်။



